ပညာသင်ဆုအစီအစဉ်

certificate program and one-year master’s program

အထူးပြုဘွဲ့လွန်အစီအစဉ်

ထိုင်းနိုင်ငံရှိ Aisan Institute of Technology (AIT) တွင် တစ်နှစ်တာ အထူးပြုဘွဲ့လွန်သင်တန်းကို လူကိုယ်တိုင်တက်ရောက်သင်ကြားနိုင်ရန် ပညာသင်ဆုပေးမည့် အစီအစဉ်ဖြစ်သည်။ ဤကာလရှည် စွမ်းရည်ဖွံ့ဖြိုးမှုအစီအစဉ်သည် လက်ရှိတွင်အန္တရာယ်ရှိသည့်အခြေအနေရှိခြင်း၊ နိုင်ငံပြင်ပတွင် ကာလအတန်ကြာနေရမည့်အခြေအနေ ကျရောက်နေသည့် တက်ကြွလှုပ်ရှားသူများအတွက် ရည်ရွယ်ပါသည်။  ဤသင်တန်းကာလအတွင်း ၄င်းတို့တွင်ရှိသည့်ဗဟုသုတများကို နိုင်ငံတကာ အဆင့်မီမြှင့်တင်နိုင်ရုံသာမက အခြားကျောင်းသူ ကျောင်းသားများ၊ ပညာရှင်များနှင့် ကွန်ရက် ချိတ်ဆက်နိုင်မည့် အခွင့်အရေးများလည်း ရရှိမည်ဖြစ်ပါသည်။

ထို့ပြင် “အန္တရာယ်ကျရောက်နေသည့်ပညာရှင်များကွန်ရက်- Scholars at Risks”  နှင့် ချိတ်ဆက်ပေးခြင်းဖြင့် ၄င်းတို့ရှေ့ဆက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကောင်းဆုံးပံ့ပိုး ကူညီပေးမှု ကို ရှာဖွေနိုင်မည်သာမက ကနေဒါ-မြန်မာ စကောလားရှစ် ကွန်ရက်တွင်လည်း ပါဝင်လှုပ်ရှားနိုင်မည် ဖြစ်သည်။ ကျောင်းသူ၊ ကျောင်းသားများသည် ကျင့်ဝတ်ရှိသောသုတသေနအကျဉ်းချုပ်များကို GenderLab တွင် မျှဝေပေးနိုင်မည့် အခွင့်အရေးလည်းရှိပါသည်။

သင်တန်းဆင်းလက်မှတ်ရအစီအစဉ်

ထိုင်းနိုင်ငံ Asian Institute of Technology (AIT) တွင် ၄ – လတာ လူကိုယ်တိုင် သင်တန်းတက်ရောက်နိုင်ရန် ပညာသင်ဆုပေးသည့် အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်ကို လက်ရှိတွင် ကန့်သတ်ခံနေရသော တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများအတွက် ရည်ရွယ်ပါသည်။ ဤအစီအစဉ်သည် ၄င်းတို့အတွေ့အကြုံများကို ပြန်လည် ဆင်ခြင်စဉ်းစား၍ ရှေ့အနာဂတ်အတွက် အစီအစဉ်ရေးဆွဲနိုင်ရန် အကူအညီပေးရုံသာမက ယခုကဲ့သို့ ခက်ခဲနေသော အချိန်ကာလအတွင်း မိမိတို့၏ ဗဟုသုတများကို မြှင့်တင်နိုင်ရန် အခွင့်အရေးပေးရန်လည် ဖြစ်ပါသည်။

ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် သင်တန်းကာလအပြီးတွင် မိမိတို့သင်ယူရရှိခဲ့မှုဆိုင်ရာ သုံးသပ်မှုများ ရှိပါက အတွေ့အကြုံများကို စာတမ်းပြုစု၍ မျှဝေနိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်ပါသည်။

Canada- Myanmar IDRC Fellowship
(ရေတို နှင့် ရေရှည်)
Gender and Development Studies အတွက် သင်တန်းဆင်းလက်မှတ်ရ ပညာသင်ဆု အစီအစဉ် / တစ်နှစ်တာ အထူးပြုဘွဲ့လွန် ပညာသင်ဆု အစီအစဉ်

Canada-Myanmar IDRC Fellowship ကို International Development Research Center (IDRC) မှ Global Affairs Canada နှင့် ပူးပေါင်း၍ Knowledge for Democracy-Myanmar Initiative မှ ရံပုံငွေ ထောက်ပံ့ပေးထားပါသည်။

(၂၀၂၄) ခုနှစ် ဇန်နဝါရီလ ဝင်ခွင့်အတွက် နောက်ဆုံးလျှောက်လွှာတင်သွင်းရမည့်ရက်- (၂၀၂၃) ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့

ပညာသင်ဆုနှစ်ခုဖြစ်သည့် သင်တန်းဆင်းလက်မှတ်ရ အစီအစဉ် နှင့် တစ်နှစ်တာ အထူးပြုဘွဲ့လွန် အစီအစဉ် နှစ်ခုစလုံးအတွက် လျှောက်ထားလိုသူများသည် Department of Development and sustainability, School of Environment, Resources and Development အောက်တွင်ရှိသော Gender and Development Studies (GDS) တွင် လျှောက်ထားရန်လိုအပ်ပါသည်။ ဝင်ခွင့်လျှောက်ထားရာတွင် မိမိရွေးချယ်လျှောက်ထားလိုသောပညာရေးအစီအစဉ်ကို AIT ၏ သတ်မှတ်ထားသောကျောင်းဝင်ခွင့်စနစ်ထဲမှ သေသေချာချာ ဂရုတစိုက်ရွေးချယ်လျှောက်ထားရမည်ဖြစ်ပါသည်။

၁။ သတ်မှတ်ထားသည့် ဝင်ခွင့်လျှောက်ထားရန် အကျုံးဝင်သောနိုင်ငံ

မြန်မာနိုင်ငံ တစ်ခုတည်းသာ

၂။ ဝင်ခွင့်လျှောက်ထားရာတွင် သတ်မှတ်ထားသည့် လိုအပ်ချက်များ

  • မြန်မာနိုင်ငံသားဖြစ်ရပါမည်။
  • လျှောက်ထားသူသည် သက်ဆိုင်ရာ တက္ကသိုလ်တစ်ခုခုမှာ အနည်းဆုံး (၃) နှစ်တာပညာသင်ကြားပြီးမြောက်ပြီး ဘွဲ့တစ်ခုရရှိပြီးထားသူဖြစ်ရမည်။
  • လျှောက်ထားသူသည် ဂျဲန်ဒါတန်းတူညီမျှခြင်း၊ လူအခွင့်အရေးနှင့် တရားမျှတခြင်း၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး နှင့် ဒီမိုကရေစီဆိုင်ရာ အခန်းကဏ္ဍများဆိုင်ရာနှင့် ပတ်သက်သည့်အတွေ့အကြုံများရှိရမည်ဖြစ်ပြီး စိတ်အားထက်သန်မှုနှင့်တစ်စိုက်မတ်မတ်လုပ်ဆောင်မည့်သူဖြစ်ကြောင်းဖော်ပြနိုင်ရပါမည်။
  • လျှောက်ထားသူသည် သင့်၏လျှောက်ထားရသည့်ရည်ရွယ်ချက်ဖော်ပြချက်တွင် ယခုအစီအစဉ်တွင် မိမိပါဝင်ခွင့်ရရန်အတွက် မည်မျှစိတ်အားတက်ကြွနေမှုများကို ကျေးဇူးပြု၍အလေးထားဖော်ပြ ပေးရန်လိုအပ်ပါသည်။
  • သင်တန်းဆင်းလက်မှတ်ရအစီအစဉ်ပြီးဆုံးချိန်တွင် ယင်းနှင့်ပတ်သက်သည့်ထင်မြင်ချက်ဆောင်းပါးတစ်စောင် နှင့် အထူးပြုဘွဲ့လွန်အစီအစဉ်အပြီးတွင် သုတေသနအကျဉ်းချုပ်တစ်ခုပြုစုရေးသား မည်ဟု ကတိကဝတ် ပြုရပါမည်။
  • အင်္ဂလိပ်အရေးအသားကိုကျွမ်းကျင်စွာရေးသားနိုင်သူဖြစ်ရမည်။ (IELTS (သို့မဟုတ်) AIT ၏ EET ရမှတ် (၆) (သို့မဟုတ်) (၆) နှင့် အထက်ရှိရမည်ဖြစ်သည်)။ ကြည်ရူ့နိုင်သည့် လင့်(ခ်) http://bit.ly/ait-eng-req
  • လျှောက်ထားသူများသည် ယင်းလင့်(ခ်) http://bit.ly/ait-admission မှတစ်ဆင့် လျှောက်ထားရမည်ဖြစ်ပြီး သက်ဆိုင်သည့်ငွေကြေးပေးဆောင်မှုအား စာမျက်နှာ(၂)တွင်ညွန်ကြားထားသည့်လုပ်ငန်းစဉ်အတိုင်း ပေးဆောင် ရမည်ဖြစ်သည်။
  • လျှောက်ထားသူများသည် မိမိ၏ လက်ရှိလုပ်ငန်းခွင့်မှ ကြီးကြပ်သူ၏ ထောက်ခံချက် နှင့် ပညာရေးဆိုင်ရာနောက်ခံမှ အကြံပေးနိုင်သူ တစ်ဉီး၏ ထောက်ခံချက် စုစုပေါင်း ထောက်ခံချက် နှစ်စောင်အား ‌လျှောက်ထားမှု၏ ဝင်ခွင့်အစိတ်အပိုင်းတစ်ခုအနေဖြင့် ထည့်သွင်းတင်ပြပေးရမည်ဖြစ်ပါသည်။

အမျိုးသမီးများ၊မတူညီကွဲပြားသောတိုင်းရင်သားလူမျိုးစုအစုအဖွဲ့မှကိုယ်စားလှယ်များအား လျှောက်ထားရန်တိုက်တွန်းလိုပါသည်။ ဂျဲန်ဒါတန်းတူညီမျှခြင်း၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် လုပ်ငန်းအတွေ့အကြုံရှိသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။

၃။ ကြာမြင့်မည့်အချိန်နှင့် စတင်မည့်အချိန်

  • သင်တန်းဆင်းလက်မှတ်ရအစီအစဉ်သည် (၄) လခန့် ကြာမြင့်မည်ဖြစ်ပါသည်။ (ဇန်နဝါရီ မှ ဧပြီလ/ ဩဂုတ်လမှ နိုဝင်ဘာလ)
  • တစ်နှစ်တာ အထူးပြုဘွဲ့လွန် အစီအစဉ်သည် (၁၂) လခန့်ကြာမြင့်မည်ဖြစ်ပါသည်။ ( စာသင်ကာလရှည် (၂) ခု နှင့် စာသင်ကာလအတို (၁) ခု)

အခြားသောအကျိုးခံစားခွင့်များ နှင့် ဆက်လက်ပြုလုပ်ရမည့်လုပ်ငန်းစဥ် အသေးစိတ်အချက်အလက်များအား ပညာသင်ဆုအတွက် ရွေးချယ်ခံရပြီးနောက်ပိုင်းတွင် ထပ်မံဖြည့်စွက်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

ယင်းလျှောက်ထားမှုနှင့်ပတ်သက်၍ မေးမြန်းသိရှိလိုပါက genderlab@ait.asia  သို့ ဆက်သွယ်၍မေးမြန်းနိုင်ပါသည်။ AIT တွင် လျှောက်ထားလိုပါက ယခု လင့်(ခ်) http://bit.ly/ait-admission မှ လျှောက်ထားနိုင်ပါသည်။

အမေးများသော မေးခွန်းများ

၁။ သင်ဘယ်မှာ ပညာသင်မှာလဲ။

. ထိုင်းနိုင်ငံတွင်ရှိသော Asian Institute of Technology (AIT) တွင် ပညာသင်ကြားရမည် ဖြစ်ပါသည်။ AITသည် သင်ယူလေ့လာမှုမြင့်မားသော ဒေသအတွင်းအင်းစတီကျူရှင်း တစ်ခုဖြစ်ပြီး အာရှနိုင်ငံများသာမက အခြားသောနိုင်ငံများမှ ကျောင်းသားများလည်း လာရောက်လေ့လာသင်ယူမှုများပြုလုပ်ကြပါသည်။ AIT အကြောင်းအား ယင်း ဝက်ဆိုဒ် လင့်(ခ်)တွင် https://www.ait.ac.th လေ့လာ ကြည့်ရှုနိုင်ပါသည်။

၂။ အစီအစဥ်သည် အွန်လိုင်း (သို့မဟုတ်) အော့ဖ်လိုင်း သင်ယူလေ့လာမှုလား?
  • အော့ဖ်လိုင်း သင်ယူလေ့လာမှုဖြစ်မှာပါ။ ကျောင်းဝင်းထဲမှာနေပြီး သင်ယူလေ့လာရမှာပါ။
၃။ ဤပညာသင်ဆုအတွက် အသက်ကန့်သတ်ချက်ရှိပါသလား။
  • အသက်ကန့်သတ်ချက်မရှိပါဘူး။ သင့်ဘွဲ့တစ်ခုရထားပြီးပြီဆိုရင် လျှောက်လိုရပါပြီ။
၄။ အကယ်၍ ငါ့မှာဘွဲ့ရထားတာမရှိရင်ရော လျှောက်ထားလိုရပါသလား။
  • မရပါဘူး။ သင့်မှာအနည်းဆုံး ၃ နှစ်နဲ့ ကျောင်းပြီးထားတဲ့ Bachelor Degree မရှိပါက သင်လျှောက်လို့ရမည်မဟုတ်ပါ။ သို့သော် သင်တန်းဆင်းလက်မှတ်ရ အစီအစဉ်အတွက် အထူးအစီအစဉ် အနေဖြင့် သင့်မှာ ဘွဲ့လက်မှတ်တရားဝင်သောါလည်း ယင်းနှင့်သက်ဆိုင်သည့် သင့်တော်ကောင်းမွန်သော လုပ်ငန်းခွင်အတွေ့အကြုံရှိသည့် လျှောက်ထားသူများကိုမူ ထည့်သွင်းစဉ်းစားပေးပါသည်။
၅။ ကျွန်ုပ်အနေနဲ့ သင်တန်းဆင်းလက်မှတ်ရ အစီအစဉ်နှင့် တစ်နှစ်တာ ဘွဲ့လွန်အထူးပြုလျှောက်ထားခြင်းအတွက် လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ်ဆိုင်ရာ ဝင်ကြေးပေးဆောင်ရန် လိုအပ်ပါသလား။
  • ဟုတ်ကဲ့။ သင်တန်းဆင်းလက်မှတ်ရ အစီအစဉ်နှင့် တစ်နှစ်တာ ဘွဲ့လွန်အထူးပြုလျှောက်ထားခြင်း အစီအစဉ် နှစ်ခုစလုံးအတွက် ပြန်အမ်းမည်မဟုတ်သော လျှောက်လွှာကြေး ဘတ် ၈၀၀ (သို့မဟုတ်) USD 25 ဒေါ်လာအား သင်ပေးဆောင်ရန်လိုအပ်ပါသည်။ လျှောက်လွှာဝင်ကြေးပေးဆောင်ရန် အခက်အခဲရှိပါက genderlab@ait.asia အီးမေးလ်တို့ ဆက်သွယ်ပြီးစုံစမ်းနိုင်ပါသည်။
၆။ ယခုအစီအစဉ်များအား လျှောက်ထားရန် IELTS (သို့မဟုတ်) TOFEL ရမှတ် လိုအပ်ပါသလား။
  • ဟုတ်ကဲ့ လိုအပ်ပါသည်။ IELTS – ၆ နှင့် အထက် (သို့မဟုတ်) TOFEL paper- ၅၅၀၊ TOFEL CBT- ၂၁၃၊ TOFEL IBT- ၈၀ ရရှိထားရန်လိုအပ်ပါသည်။ ဤရမှတ်သက်တမ်းမှာ နှစ်နှစ်သက်တမ်းရှိရမည်ဖြစ်ပါသည်။ IELTS (သို့မဟုတ်) TOFEL အစား AIT မှာ စီစဉ်ကျင်းပပေးသည့် အင်္ဂလိပ်စာ စာမေးပွဲကိုလည်း ဖြေဆိုလို့လည်းရနိုင်ပါသည်။ AIT ၏ အွန်လိုင်းအင်္ဂလိပ်စာမေးပွဲသည် ဈေးနှုန်းသက်သာပြီး ရလဒ်ကိုပိုမိုမြန်ဆန်စွာရရှိနိုင်မည်ဖြစ်ပါသည်။ သို့သော် စာမေးပွဲရက်အကန့်အသတ်ဖြင့်ရှိခြင်းကြောင့် ပုံသေသတ်မှတ်ထားခြင်းမျိုးမရှိပါ။ ပိုမိုအသေးစိတ်သိရှိလိုပါက ယင်းလင့်(ခ်)တွင် https://languages.ait.ac.th ဝင်ရောက်ကြည့်နိုင်ပါသည်။
၇။ ကျွန်ုပ်အနေဖြင့် သင်တန်းဆင်း လက်မှတ်ရ အစီအစဉ် နှင့် တစ်နှစ်တာ ဘွဲ့လွန်အထူးပြု အစီအစဉ်နှစ်ခုလုံးအား တစ်ပြိုင်တည်းလျှောက်ထားလို့ရနိုင်ပါသလား။
  • သင့်ဆန္ဒရှိပါက လျှောက်ထားနိုင်ပါသည်။ သို့သော် သင်သည် အစီအစဉ်တစ်ခုချင်းစီအတွက် လျှောက်လွှာ အသီးသီးအား သီခြားစီ ပေးပို့ရန်လိုအပ်ပါသည်။
၈။ ဤပညာသင်ဆု၏ ပံ့ပိုးမှုမှ လေ့လာသင်ယူနိုင်သည့်ဘာသာရပ်ဆိုင်ရာအကြောင်းအရာသည် ဂျဲန်ဒါတန်းတူ ညီမျှရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလေ့လာမှုဧရိယာတစ်ခုတည်းကိုသာ အာရုံစိုက်သင်ခြင်း ဟုတ်ပါသလား။
  • ဟုတ်ပါတယ်။ အကယ်၍ သင်သည် ယခုပညာသင်ဆုအတွက် လျှောက်ထားမည်ဆိုပါက “ဂျဲန်ဒါနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာသင်ယူခြင်း” ဘာသာရပ် ခေါင်းစဉ်အား ရွေးချယ်လျှောက်ထားရန် လိုအပ်ပါသည်။ ဂျဲန်ဒါနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာမှုများကို အမှန်တကယ်စိတ်ဝင်စားသူ (သို့မဟုတ်) ဂျဲန်ဒါတန်းတူညီမျှမှုဆိုင်ရာ ကျွမ်းကျင်မှုအတွေ့အကြုံရှိသူ လျှောက်ထားသူများကိုသာ ဉီးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။ ကျေးဇူးပြုပြီး သင်ရေးသားဖော်ပြမည့် သင့်၏ ယခုပညာသင်ဆုလျှောက်ရသည့်ရည်မှန်းချက်ဖော်ထုတ်ရေးသားမှုတွင် သင့်၏ စိတ်ဝင်းစားမှုဘာသာရပ်အား အလေးပေးဖော်ပြပေးပါ။ “ဂျဲန်ဒါနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာသင်ယူခြင်းဆိုင်ရာအောက်တွင် အကျုံးဝင်သည့်ဘာသာရပ်များကို သိရှိလိုပါက အောက်ဖော်ပြပါ လင့်(ခ်) https://ait.ac.th/program/gender-anddevelopmentstudies တွင်ဝင်ရောက်ကြည့်ရူနိုင်ပါသည်။
၉။ ဘယ်လိုလျှောက်ထားလိုရနိုင်သလဲ။
  • သင့်အနေဖြင့် AIT ၏ ကျောင်းလျှောက်ရမည့်လုပ်ငန်းစဥ်များအတိုင်း လုပ်ဆောင်ရမည်ဖြစ်ပါသည်. ပိုမိုအသေးစိတ် သိရှိလိုပါက ယခု လင့်(ခ်) https://ait.ac.th/financial/canada-myanmar-idrc-fellowship/ တွင်သွားရောက် ကြည့်ရူနိုင်ပါသည်။