ဂျဲန်ဒါ Lab

a space for faculty, students, and civil society

Gender Lab

ဤနေရာသည် တက္ကသိုလ်ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများနှင့် အရပ်ဘက် အဖွဲအစည်းအချင်းချင်း ဂျဲန်ဒါညီမျှခြင်း၊ တရားမျှတခြင်း နှင့် ဖက်ဒရယ်ဝါဒအစရှိသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ချိတ်ဆက်သင်ယူခြင်း၊ ဆွေးနွေးခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း များကို ပြုုလုပ်နိုင်မည့် နေရာတစ်ခုပင်ဖြစ်သည်။ သို့သော် ဖက်ဒရယ်ဝါဒတစ်ခုတည်းကိုသာ ကန့်သတ်ဆွေးနွေးကြမည်မဟုတ်ဘဲ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ဂျဲန်ဒါနှင့် တန်းတူညီမျှခြင်း၊ အကူအပြောင်းဆိုင်ရာတရားမျှတမှု၊ ဒီမိုကရေစီ၊ နိုင်ငံသားဖြစ်ခြင်း၊ ဒီမိုကရေစီယဉ်ကျေးမှု၊ နိုင်ငံရေးတွင်ပါဝင်ခြင်း၊  တိုင်းရင်းသားဖြစ်မှု၊ ရွေ့ပြောင်းသွားလာခြင်း၊  ဂျဲန်ဒါရှုထောင့်ဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို ဂျဲန်ဒါအမြင်မှဆွေးနွေးခြင်းအကြောင်းအရာ များ လွမ်းခြုံပါဝင်နေပါမည်။

ဆွေးနွေးမှုအားလုံးသည် မြန်မာနိုင်ငံတွင် ဂျဲန်ဒါထည့်သွင်းစဉ်းစားသော မူဝါဒများနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေဖွံ့ဖြိုးဖြစ်ပေါ်လာရေးကို ဦးတည်ဆွေးနွေးကြရန်မျှော်လင့်ပါသည်။

ဤအစီအစဉ်သည် မြန်မာနိုင်ငံ ပြည်တွင်းပြည်ပရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရှင်များအား သတင်းအချက်အလက်ပေးရုံသာမက ချိတ်ဆက်ပူးပေါင်းလုပ်ဆောင်သွားရန်လည်း ရည်ရွယ်ပါသည်။
  • မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပညာရှင်များ၏ ဂျဲန်ဒါတန်းတူညီမျှခြင်း နှင့် ဒီမိုကရေစီတရားမျှတမှုဆိုင်ရာ ဗဟုသုတနှင့် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်လာစေရန်။
  • အိမ်နီးချင်းနိုင်ငံများအပါအဝင သက်ဆိုင်ရာပညာရပ်နယ်ပယ်မှ အဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ပညာရပ်ရှုထောင့်အပြင် လက်တွေ့ရှုထောင့်နှစ်ခုစလုံးကို အခြေခံ၍ ဗဟုသုတ၊ အတွေ့အကြုံများ ဖလှယ်ခြင်း၊ မျှဝေခြင်းတို့ ပြုလုပ်ရန်။
  • စွမ်းရည်ဖွံ့ဖြိုးမှုအစီအစဉ်များနှင့်ဆိုင်သည့် ဗဟုသုတနှင့် သတင်းအချက်အလက်များကို ဝက်ဆိုဒ်မှ တဆင့်လေ့လာရရှိနိုင်စေရန်။
  • စာတွေ့လက်တွေ့ရှုထောင့်အမြင်များကို မြေပြင်တွင်လက်တွေ့ ပြန်လည်အသုံးချနိုင်ရန် အတွက် ပေါင်းကူးချိတ်ဆက်ပေးသည့် နေရာတစ်ခုဖြစ်လာစေရန်။
  • ပိုမိုကျယ်ပြန့်သော လူ့အသိုင်းအဝန်းတွင် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် ဂျဲန်ဒါ၊ ဒီမိုကရေစီ နှင့် ဖွံ့ဖြိုးမှုဆိုင်ရာအကြောင်းများ လေ့လာရှာဖွေနိုင်သည့်နေရာ တစ်ခုအဖြစ် ဖန်တီး လုပ်ဆောင်ပေးရန်။