အထူးပြုဘွဲ့လွန်အစီအစဉ်

one-year master’s program

ထိုင်းနိုင်ငံရှိ Aisan Institute of Technology (AIT) တွင် တစ်နှစ်တာ အထူးပြုဘွဲ့လွန်သင်တန်းကို လူကိုယ်တိုင်တက်ရောက်သင်ကြားနိုင်ရန် ပညာသင်ဆုပေးမည့် အစီအစဉ်ဖြစ်သည်။ ဤကာလရှည် စွမ်းရည်ဖွံ့ဖြိုးမှုအစီအစဉ်သည် လက်ရှိတွင်အန္တရာယ်ရှိသည့်အခြေအနေရှိခြင်း၊ နိုင်ငံပြင်ပတွင် ကာလအတန်ကြာနေရမည့်အခြေအနေ ကျရောက်နေသည့် တက်ကြွလှုပ်ရှားသူများအတွက် ရည်ရွယ်ပါသည်။  ဤသင်တန်းကာလအတွင်း ၄င်းတို့တွင်ရှိသည့်ဗဟုသုတများကို နိုင်ငံတကာ အဆင့်မီမြှင့်တင်နိုင်ရုံသာမက အခြားကျောင်းသူ ကျောင်းသားများ၊ ပညာရှင်များနှင့် ကွန်ရက် ချိတ်ဆက်နိုင်မည့် အခွင့်အရေးများလည်း ရရှိမည်ဖြစ်ပါသည်။

ထို့ပြင် “အန္တရာယ်ကျရောက်နေသည့်ပညာရှင်များကွန်ရက်- Scholars at Risks”  နှင့် ချိတ်ဆက်ပေးခြင်းဖြင့် ၄င်းတို့ရှေ့ဆက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကောင်းဆုံးပံ့ပိုး ကူညီပေးမှု ကို ရှာဖွေနိုင်မည်သာမက ကနေဒါ-မြန်မာ စကောလားရှစ် ကွန်ရက်တွင်လည်း ပါဝင်လှုပ်ရှားနိုင်မည် ဖြစ်သည်။ ကျောင်းသူ၊ ကျောင်းသားများသည် ကျင့်ဝတ်ရှိသောသုတသေနအကျဉ်းချုပ်များကို GenderLab တွင် မျှဝေပေးနိုင်မည့် အခွင့်အရေးလည်းရှိပါသည်။

ဆာရာ

(၂၀၂၃) ခုနှစ် ဩဂုတ်လ ဝင်ခွင့်

ဆာရာသည် ကရင်နီပြည်နယ်အခြေစိုက်သော အရပ်ဘက်အဖွဲ့အစည်းများနှင့်အတူ ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်ခဲ့သူဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ဒေဿန္တရ ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့်အတူတကွ အမျိုးသမီးအခွင့်အရေးနှင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုယန္တရားများအတွက် ကိုယ်စားပြုအရေးဆိုရေး ကိစ္စများတွင်လည်း ကိုယ်စားပြုပါဝင်ခဲ့ပါသည်။

ဆာရာသည် Gender and Development Studies (GDS) ကိုလေ့လာရန်အတွက် Asian Institute of Technology တွင် တစ်နှစ်တာ “Master’s Followship” ‌ပေးအပ်ခဲ့သည့် IDRC Knowledge for Democracy Myanmar အား အထူးကျေးဇူးတင်ရှိပါသည်။ ဤအခွင့်အရေးသည် ဆာရာ၏ ရည်မှန်းချက်တစ်ခုဖြစ်သော လူမှုအသိုင်းအဝိုင်းအတွင်း အရေးကြီးသော လူမှုရေးဆိုင်ရာ အရေးကိစ္စ ပြဿနာများကို ဖြေရှင်းပေးနိုင်မည့် ဂျဲန်ဒါဆိုင်ရာ သုတေသနပြုသူတစ်ဉီးဖြစ်ရန်အတွက် များစွာအထောက်အပံ့ရရှိနိုင်မည်ဖြစ်ပါသည်။

ဤပညာသင်ဆုသည် ဆာရာ၏ ရှိနှင့်ပြီးသားကျွမ်းကျင်မှုများနှင့် အရည်အချင်း စွမ်းရည်များကို မြှင့်တင်ပေးမည်ဖြစ်ပြီး ဂျဲန်ဒါနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလေ့လာမှုများတွင် သူမ၏ ပညာရေးနှင့် ပရော်ဖက်ရှင်နယ်ကွန်ရက်ကို ကျယ်ပြန့်စွာချဲထွင်းနိုင်မည်ဟု သူမယုံကြည်နေပါသည်။ ဆာရာသည် လူ့အဖွဲ့အစည်းအတွင်း ဂျဲန်ဒါတန်းတူရေး ပါဝင်ဖြစ်ထွန်းလာစေရန် ဤပညာသင်ဆုမှ ရရှိသော ခွန်းအားများနှင့် အသိပညာများအား အသုံးချနိုင်မည်ဖြစ်ကြောင်း ကတိပြုအာမခံပါသည်။

အေးအိ‌န္ဒြေမောင်

(၂၀၂၃) ခုနှစ် ဩဂုတ်လ ဝင်ခွင့်

အေးသည် အမျိုးသမီးဝါဒီတစ်ဉီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ဂျဲန်ဒါတန်းတူရေး နှင့် တရားမျှတမှုများကို မြှင့်တင်ပေးရာတွင် စိတ်အားထက်သန်သော “Social Change-Maker” တစ်ဉီးဖြစ်ပါသည်။ အေးသည် ရန်ကုန်တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေးပညာဖြင့် ဂျဲန်ဒါတန်းတူရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး၊ လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ နှင့် မူးယစ်ဆေးဝါးသုံးစွဲမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် လုပ်ကိုင်ဆောင်ရွက်သည့် အတွေ့အကြုံ (၅) နှစ်ကျော် ရရှိထားပြီးဖြစ်ပါသည်။ သူမသည့် FinTech Startup တွင် Gender Focal Point အနေဖြင့်လည်းကောင်း၊ စီမံကိန်းတာဝန်ခံ အနေဖြင့်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များတွင် ဂျဲန်ဒါအရေး ပါဝင်များနှင့် ပတ်သက်ပြီး တွန်းအားပေး ဆောင်ရွက်ခဲ့ပါသည်။

အထူးသဖြင့် အေးသည် (၂၀၁၉) ခုနှစ်တွင် “Girls Get Equal Campaign” ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးအနေဖြစ် ကမ်းပိန်း၏ လုပ်ငန်းစဉ်တစ်ခုအနေဖြင့် ရွေးချယ်ခံခဲ့ရသောကြောင့် သူမသည် အမျိုးသမီးဝါဒအပေါ် ပိုမိုစိတ်အားထက်သန် စိတ်ဝင်စားမှုများပိုမိုမြှင့်တတ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ အမျိုးသမီး အခွင့်အရေးနှင့် အမျိုးသမီးဝါဒဆိုင်ရာ အတွက် ထောက်ခံအားပေးသည့် ဆောင်းပါးများတွင် အေးမှ အသိအမှတ်ပြုခံခဲ့ရပါသည်။ အမျိုးသမီးဝါဒနှင့် ပတ်သက်ပြီး သူမအနေဖြင့် ဆယ်ကျော်သက်အရွယ်မှ စတင်ကာ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်နေစဉ်တွင် လူမှုရေးစံနှုန်းများနှင့် ပတ်သက်ပြီး အမျိုးသမီးများ နှင့် LGBTQI+ တို့အနေဖြင့် ဆိုးကျိုးများကို တွေ့မြင်သိရှိခဲ့ရပါသည်။ ယင်းအတွေ့အကြုံများသည် သူမအား ဂျဲန်ဒါဆိုင်ရာ အသိအမြင်နှင့် တရားသေသတ်မှတ်ချက်များအား စိန်ခေါ်ရန်အတွက် တွန်းအားပေးလှုံ့ဆော်ပေးခဲ့ပါသည်။

အေးသည် မြန်မာနိုင်ငံအတွင်း ကိုယ်စားပြုအရေးဆို စည်းရုံးလှုံ့ဆော်ရေးကိစ္စများကို ပိုမိုလုပ်ဆောင် နိုင်ရန်အတွက် Asian Institute of Technology (AIT) ရှိ Gender and Development Studies (GDS) မှ အထူးပြုမဟာဘွဲ့လွန် ကို ဆက်လက်သင်ယူရန် ဆုံးဖြတ်ချက်ချခဲ့သည်။ သူမသည် GDS ပရိုဂရမ်မှ ရရှိမည့် အသိပညာနှင့် ကျွမ်းကျင်မှုများကို ဂျဲန်ဒါတန်းတူရေး မြှင့်တင်ဆောင်ရွက်ရန်နှင့် နိုင်ငံ အတွင်းလက်တွေ့ကျပြီး ရူထောင့်ပေါင်းစုံထည့်သွင်းစဉ်းစားသည့် မူဝါဒချမှတ်ရာတွင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။

စန်းစန်းနွယ် (ခ) ဓူဝံ

(၂၀၂၃) ခုနှစ် ဩဂုတ်လ ဝင်ခွင့်

ဓူဝံသည် Salween Institute ၏ ပြည်သူ့မူဝါဒဆိုင်ရာအတွက် သင်ကြားရေး ပရိုဂရမ်တစ်ခုတွင် အစီအစဉ်တွဲဖက်တစ်ဉီးဖြစ်ပါသည်။ ဓူဝံသည် “Dignity Myanmar” မှ ဝိဇ္ဇာနှင့် လူမှုရေးသိပ္ပံ ဒီပလိုမာဘွဲ့  နှင့် ရန်ကုန်တက္ကသိုလ်မှ ပညာရေးဘွဲ့တို့ကို ရရှိထားပြီးသူတစ်ဉီးဖြစ်ပါသည်။ သူသည် LGBTQI+ တို့၏ အခွင့်အရေးနှင့် ဂျဲန်ဒါ သင်တန်းများအပါအဝင် သင်တန်းအစီအစဉ်အမျိုးမျိုးကို အပြုသဘောဆောင်သော ပြောင်းလဲမှုကို ဉီးဆောင်နိုင်ရန်ဟူသော စိတ်အားထက်သန်မှုဖြင့် ပြီးမြောက် အောင်မြင်ခဲ့ပါသည်။ သူ၏ ထင်ရှားသော အောင်မြင်မှုများမှာ UN’s Generation Equality Campaign အတွက် လူငယ်ရေးရာ တက်ကြွလှုပ်ရှားသူအဖြစ် အမည်စာရင်းတင်သွင်းခံရခြင်းအပြင် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုအဆုံးသတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ နှင့် YSEALI Academic Fellowship တွင်လည်း တက်ကြွစွာပါဝင်သူတစ်ယောက်အနေဖြင့် အသိအမှတ်ပြုခြင်းခံရခြင်းတို့ ဖြစ်ပါသည်။

ဓူဝံသည် ပြည်သူ့မူဝါဒနှင့် လူမှုရေးတရားမျှတမှုနယ်ပယ်များတွင် အားလုံးပါဝင်နိုင်သော ပညာရေးနှင့် ကောင်းမွန်သော စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ဆက်လက်လှုပ်ရှားအကောင်အထည် ဖော်ဆောင်ရွက်သွားရန်အတွက် ကတိပြုအာမခံပါသည်။  မြန်မာနိုင်ငံ၏ ဂျဲန်ဒါတန်းတူရေးနှင့် အားလုံး ပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်လိုသည့် မယိမ်းယိုင်သော စိတ်ဆန္ဒကြောင့် Asian Institute of Technology တွင် Gender and Development Studies (GDS) ကိုလေ့လာသင်ယူရန် ရွေးချယ်ခဲ့ပါသည်။ သူယုံကြည်သည်မှာ ဂျဲန်ဒါမတူကွဲပြားမှုများ၊ လူမှုပုံသွင်းချက်များနှင့် မတူကွဲပြားသည့် အခန်းကဏ္ဍများအား ပိုမိုနက်ရှိုင်းစွာ နားလည်သဘောက်ပေါက်ခြင်းဖြင့် လူတစ်ဉီး ချင်စီအတွက် ပိုမိုမျှတပြီး အားကောင်းပြည့်စုံသည့် ပတ်ဝန်းကျင်ကို ဖန်းတီးနိုင်လိမ့်မည်ဟု ယုံကြည်နေပါသည်။

ဇင်ဝင်းထွေး (ခ) ဇင်လေး

(၂၀၂၃) ခုနှစ် ဩဂုတ်လ ဝင်ခွင့်

ဇင်ဝင်းထွေးသည် ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် သင်တန်းနည်းပြအနေဖြင့်သော်လည်းကောင်း၊ ညှိနှိုင်းရေးမှူးအနေဖြင့်သော်လည်းကောင်း၊ ဂျဲန်ဒါ ဆိုင်ရာ နည်းပညာအကြံပေးအနေဖြင့်သော်လည်းကောင်း ကဏ္ဍအသီးသီးတွင် (၁၀)နှစ်ကျော်ကြာ လုပ်ကိုင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသော ဒေသအတွင်းရှိ မိန်းကလေးများအား စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဂျဲန်ဒါတန်းတူရေး၊ လူငယ်ဖွံ့ဖြိုးရေး၊ အမျိုးသမီးများနှင့် ကိုယ်ဝန်ဆောင်များအတွက် အဟာပြည့်ဝမှုရရှိရေး၊ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းနှင့် သက်ဆိုင်သည့် စွမ်းဆောင်ရည်မြှင့်တင်ရေး ကဏ္ဍများတွင် အဓိက ပါဝင်ပံ့ပိုးဆောင်ရွက်ခဲ့ပါသည်။

ထိုပြင် သူမသည် မွတ်စလင် အမျိုးသမီးများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဘာသာရေးနှင့် လူမှု့ရေး အသင်းအဖွဲ့များတွင် စေတနာ့ဝန်ထမ်းအဖွဲ့ဝင် သင်တန်းစရာတစ်ဉီးအနေဖြင့်လည်း ကျွမ်းကျင်စွာဖြင့် ပါဝင်လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။  သူမ၏ လုပ်ငန်းအတွေ့အကြုံ တစ်လျှောက်တွင် ဂျဲန်ဒါဆိုင်ရာ လုပ်ငန်းများဖြင့် လုပ်ဆောင်ခဲ့ရခြင်းကြောင့် သူမသည် ဂျဲန်ဒါနှင့် ပတ်သက်သည့် ကျွမ်းကျင်သူ တစ်ဉီးအနေဖြင့် စိတ်အားထက်သန်မှုနှင့် အရည်အချင်းကို ပြုစုပျိုးထောင်နိုင်ခဲ့သည်။ ထိုပြင်သူမသည် ဂျဲန်ဒါဆိုင်ရာ မညီမျှမှုများနှင့် ပတ်သက်သည့် လူ့အဖွဲ့အစည်းအတွင်းရှိ လူမှု့ရေးရာဆိုင်ရာ စံနှုန်းများနှင့် တရားသေသတ်မှတ်ချက်များအား တွေ့မြင်ခဲ့ရသဖြင့် ယင်းကိစ္စရပ်များကို ထိရောက်စွာကိုင်တွယ် ဖြေရှင်းနိုင်သည့် ကျွမ်းကျင်သည့် ပညာရှင်များသည် မိမိလူ့အဖွဲ့အစည်းအတွက် အမှန်တစ်ကယ် လိုအပ်နေကြောင်းကို သိရှိလာစေပါသည်။

သိုဖြစ်ပါ၍ ဇင်လေးသည် လူ့အဖွဲ့အစည်းအတွင်းရှိနေသော မညီမျှသည့် ဂျဲန်ဒါဆိုင်ရာ အခြေခံအကြောင်းအရင်းများကို ဖြေရှင်းနိုင်ရန်အတွက် Asian Institute of Technology (AIT)ရှိ  ဂျဲန်ဒါနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ IDRC ၏ ပညာသင်ဆုသည် သူမ၏ စွမ်းရည်နှင့် အရည်အချင်းများကို အမှန်တစ်ကယ် မြှင့်တင်ပေးနိုင်မည်ဟုယုံကြည်ပါသည်။ တရားမျှတသော လူ့အဖွဲ့အစည်းတစ်ခုအတွက် သူမအနေဖြင့် ရေရှည်တည်တံသော ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် နိုင်မည့်ကို အမှန်တကယ် ယုံကြည်နေပါသည်။