သင်တန်းဆင်းလက်မှတ်ရအစီအစဉ်

one-year master’s program

ထိုင်းနိုင်ငံ Asian Institute of Technology (AIT) တွင် ၄ – လတာ လူကိုယ်တိုင် သင်တန်းတက်ရောက်နိုင်ရန် ပညာသင်ဆုပေးသည့် အစီအစဉ်ဖြစ်ပါသည်။ ဤအစီအစဉ်ကို လက်ရှိတွင် ကန့်သတ်ခံနေရသော တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများအတွက် ရည်ရွယ်ပါသည်။ ဤအစီအစဉ်သည် ၄င်းတို့အတွေ့အကြုံများကို ပြန်လည် ဆင်ခြင်စဉ်းစား၍ ရှေ့အနာဂတ်အတွက် အစီအစဉ်ရေးဆွဲနိုင်ရန် အကူအညီပေးရုံသာမက ယခုကဲ့သို့ ခက်ခဲနေသော အချိန်ကာလအတွင်း မိမိတို့၏ ဗဟုသုတများကို မြှင့်တင်နိုင်ရန် အခွင့်အရေးပေးရန်လည် ဖြစ်ပါသည်။

ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် သင်တန်းကာလအပြီးတွင် မိမိတို့သင်ယူရရှိခဲ့မှုဆိုင်ရာ သုံးသပ်မှုများ ရှိပါက အတွေ့အကြုံများကို စာတမ်းပြုစု၍ မျှဝေနိုင်မည့် အခွင့်အရေးလည်း ရရှိမည်ဖြစ်ပါသည်။

ဥမ္မာညွှန် (ခ) Alison

(၂၀၂၃)ခုနှစ် ဩဂုတ်လ ဝင်ခွင့်

Alison သည် ထိုင်းနိုင်ငံ ချူလာလောင်ကွန်း တက္ကသိုလ်မှ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာရေး မဟာဘွဲ့ကို ရရှိထားသူဖြစ်ပါသည်။ Alison သည် Heinrich Boll Stiftung နှင့်အတူ ဒီမိုကရေအစီအစဉ် ညှိနှိုင်းရေးမှူးအနေဖြင့် (၂၀၁၇) ခုနှစ်မှ စတင်ကာ မီဒီယာဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ် လုံခြုံရေး၊ ဒစ်ဂျစ်တယ် အခွင့်အရေးနှင့် လွတ်လပ်စွာပြောဆိုခွင့် အပြင် ဂျဲန်ဒါနှင့် LGBTQI + တို့၏ အခွင့်အရေးကိုလည်း မြှင့်တင်သည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါသည်။

လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းနှင့် အကျပ်အတည်းသည် မကြာသေခင်နှစ်များအထိ ခက်ခက်ခဲခဲ လုပ်ကိုင်ဆောင်ရွက်ခဲ့သည့် အပြုသဘောဆောင်သည့် ရလဒ်များနှင့် အကျိုးအမြတ်များ အားလုံးကို ပြန်လည် ရုတ်သိမ်းခဲ့သည်။ အရပ်ဘက်အဖွဲ့အစည်းများအတွက် တစ်ဖြည်းဖြည်း နေရာကျဉ်းမြောင်းလာပြီး အန္တရာယ်ပိုများလာသော အခြေအနေဆိုးတစ်ရပ် ပိုမိုဖြစ်ထွန်းလာခဲ့သည်။

နိုင်ငံသားများ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များသည် ဆယ်စုနှစ် တစ်ခုအကြာ ခံစားခဲ့ရသော ငြိမ်းချမ်းရေး၊ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများသည် လျင်မြန်စွာ ပျောက်ကွယ်သွားသဖြင့် ယင်းတို့၏ အနာဂတ်သည်လည်း မျက်ဝါးထင်ထင် ပိုမိုမှေးမှိန်လာပါသည်။ သို့သော်လည်း ဤဆိုးစွားပြီး တင်းကျပ်သည့် အခြေအနေအတွင်း အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများသည် (ဂျဲန်ဒါ အရေးတက်ကြွလှုပ်ရှားသူများအပါအဝင်) ပြည်သူများ၏ အခွင့်အရေးများအတွက် တက်နိုင်သည့် ဖြစ်နိုင်သည့် ရူထောင့်ပေါင်းစုံမှ ပြန်လည်တွန်းအားပေး ပံ့ပိုးထားပါသည်။

ထိုကြောင့် Alison အနေဖြင့် ယင်းအခွင့်အရေးလှုပ်ရှားမှုများ ၏ နေစဉ့်လုပ်ငန်းဆောင်တာများ၊ စီမံကိန်းများတွင် လက်တွေ့လုပ်ဆောင်ရန် သင့်တော်သည့် သီအိုရီများနှင့် ဂျဲန်ဒါဆိုင်ရာ ချဉ်းကပ်မှုများကို လေ့လာရန် Gender and Development Studies ကို ပြုလုပ်ရန်အတွက် သင်တော်သည့် အချိန်တစ်ခုဖြစ်ပါသည်။ Alison အနေဖြင့် အနာဂတ်အတွက် ယခုလေ့လာမှုမှ အချင်းချင်းအပြန်အလှန် မျှဝေခြင်းနှင့် ကွန်ရက်ချိတ်ဆက်မှုများပိုမိုအားကောင်း လာရန်မျှော်လင့်မိပါသည်။

စုဝေမြင့်

(၂၀၂၃)ခုနှစ် ဩဂုတ်လ ဝင်ခွင့်

စုဝေမြင့်သည် Asian Institute of Technology မှ Gender and Development Studies ၏ သင်တန်းဆင်းလက်မှတ်ရ အစီအစဉ်တစ်ခုကို လေ့လာရန်အတွက် IDRC ၏ပညာသင်ဆုကို ရရှိထားသော ကျောင်းသူတစ်ဉီးဖြစ်ပါသည်။ သူမသည် နိုင်ငံရေးစနစ်များ (သို့မဟုတ်) နိုင်ငံ၏ စီးပွားရေး အခန်းကဏ္ဍများတွင် ဂျဲန်ဒါကို ထည့်သွင်းစဉ်းစားနိုင်ရန် လေ့လာလိုခြင်းဖြစ်ပါသည်။ ယခုလေ့လာမှုမတိုင်ခင် စုဝေမြင့်သည် ဆစ်ဒနီ တက္ကသိုလ်မှ နိုင်ငံရေးနှင့် စီပွားရေးဆိုင်ရာ မဟာဘွဲ့ကိုသော်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်မှ ပြည်သူ့ရေးရာ စီမံအုပ်ချုပ်ရေးဆိုင်ရာ မဟာဘွဲ့ကိုသော်လည်းကောင်း ရရှိထားသူဖြစ်ပါသည်။

သူမသည် UNDP (Myanmar) တွင် နိုင်ငံရေးနှင့် စီပွားရေးဆိုင်ရာ လေ့လာသုံးသပ်သူအနေဖြင့်ဖြင့် နှစ်နှစ်ကျော်ခန့်ကြာအောင် လုပ်ကိုင်ခဲ့ပြီး UNDP (Myanmar) ၏ ဆင်းရဲ့နွမ်းပါးမှု အစီရင်ခံစာ (၂၀၂၁) နှင့်  (၂၀၂၁)ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ လူမှု့စီးပွားရေးဆိုင်ရာ အခြေအနေများကို စောင့်ကြည့်အကဲဖြတ်သည့် Myanmar People’s Pulse (2021) တွင်လည်း ပါဝင်ခဲ့ပါသည်။ ယင်းမတိုင်ခင် (၂၀၁၂)ခုနှစ် မှ (၂၀၁၅)ခုနှစ် အထိ မြန်မာအစိုးရ၏ အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များတွင် ပံ့ပိုးပေးနေသည့် အစိုးရ တစ်ပိုင်းအဖွဲ့အစည်းဖြစ်သည့် မြန်မာငြိမ်ချမ်းရေးစင်တာ၏ နည်းပညာ ပိုင်းဆိုင်ရာ အတွင်းရေးမှုးအဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

သူမသည် မြန်မာနိုင်ငံ၏ လူသားချင်စားနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများနှင့် စိုက်ပျိုးရေးကဏ္ဍတွင် Value-Chain Developmentနှင့် ပတ်သက်သည့် လုပ်ငန်းများကိုလည်း သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ် အနေဖြင့် ငယ်ရွယ်စဉ်ကာလကတည်းက လုပ်ကိုင်ဆောင်ရွက်ခဲ့ ပါသည်။  သူမသည် ယခုလက်ရှိ မြန်မာနိုင်၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပဋိပက္ခကြီးမာနေချိန်တွင် ဂျဲန်ဒါတန်းတူရေးကို ပြည်သူ့မူဝါဒရေးဆွဲရေးအခန်းကဏ္ဍနှင့် နိုင်ငံရေး၊ စီးပွားရေးတွင် ဂျဲန်ဒါအရေးပါမှုကို သုံးသပ်ဆောင်ရွက်နိုင်ရန် လွန်စွာစိတ်ဝင်စားမှုရှိပြီး ဖွံ့ဖြိုးရေးတွင် ဂျဲန်ဒါ၏ အရေးပါးသည့် အခန်းကဏ္ဍကို အသိအမှတ်ပြုသူ တစ်ဉီးဖြစ်ပါသည်။

သူမသည် ယခုပညာသင်ဆုမှ အသိပညာများနှင့် အတွေ့အကြုံများသည် သူမကို နိုင်ငံရေး ဘောကဗေဒပညာရှင် တစ်ဉီးအနေဖြင့် မြှင့်တင်နိုင်ရန် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ယုံကြည်နေပါသည်။