GenderLab Talk Series: Feedback and Suggestion Form

မြန်မာနိုင်ငံ၏ ဂျဲန်ဒါနှင့် ဖက်ဒရယ်စနစ် ‌နှင့် သက်ဆိုင်သည့် ဆွေးနွေးပွဲများ

လေးစားအပ်ပါသော လူကြီးမင်းတို့

ပထမဦးစွာ၊ GenderLab မှ (၂၀၂၃)ခုနှစ် ဧပြီလမှ ဇွန်လ အထိ ပြုလုပ်ခဲ့သော” မြန်မာနိုင်ငံ၏ ဂျဲန်ဒါနှင့် ဖက်ဒရယ်စနစ် နှင့် သက်ဆိုင်သည့် Talk Series များတွင် ပါဝင်ခဲ့သည့် အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ။

ဒုတိယအနေဖြင့်၊ GenderLab team မှ ပြီးခဲ့သည့် နံပါတ် (၁) Talk Series နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိနိုင်သည့် ချန်နယ်များအား လူကြီးမင်းတို့အား မျှဝေပေးချင်ပါသည်။ ယင်းချန်နယ်များမှ Talk series များနှင့် ပတ်သက်သက်ဆိုင်သည့် ဗီဒီယိုဖိုင်များ၊ ဆက်စပ် စာရွက်စာတမ်းများ ရရှိနိုင်ပါသည်။

GenderLab ဝဘ်ဆိုဒ် – https://genderlab.ait.ac.th/?page_id=668 

GenderLab Facebook စာမျက်နှာ – https://www.facebook.com/AITGenderLab/

AIT GenderLab – LikedIn စာမျက်နှာ -https://www.linkedin.com/in/aitgenderlab/  

တတိယအနေဖြင့်၊ လူကြီးမင်းတို့အနေဖြင့် ပြီးခဲ့သည့် GenderLab ၏ Talk series မှ အကျိုးခံစားခွင့် တစ်စုံတစ်ခုကို ရရှိသွားလိမ့်မည်ဟု မျှော်လင့်မိပါသည်။ ထို့အပြင် GenderLab မှ ပြုလုပ်သော “ မြန်မာနိုင်ငံ၏ ဂျဲန်ဒါနှင့် ဖက်ဒရယ်စနစ်” Talk Series မှ လူကြီးမင်းတို့ ရရှိထားသည့် အသိပညာများအား ပြန်လည်မျှဝေ အသုံးချနိုင်မည်ဟုလည်း ယုံကြည်ပါသည်။

နောင်ပိုင်းတွင်၊ GenderLab team မှ လူကြီးမင်းတို့ အကြံပြုထားသည့် မတူညီသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အစီအစဉ်များကို ထပ်မံစီစဉ်ရန် အစီအစဉ်ရှိပါသောကြောင့် ပိုမိုကောင်းမွန်သည့် အစီအစဉ်များကို စီစဉ်နိုင်ပါရန် လူကြီးမင်းတို့အနေဖြင့် ယခု ကျွန်ုပ်တို့၏ “Feedback and Suggestion Form” ကိုဖြည့်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။  လူကြီးမင်းတို့ ဖြေဆိုထားသည့် ဖိုင်များကို (၂၀၂၃) ခုနှစ် ဇူလိုင်လ (၇) ရက်နေ့ နောက်ဆုံးထားပြီး genderlab@ait.ait သို့ ပေးပို့ပေးပါရန် ထပ်မံ တိုက်တွန်း မေတ္တာရပ်ခံအပ်ပါသည်။ လူကြီးမင်းတို့အနေဖြင့် နှစ်သက်သည့် ဘာသာစကား အင်္ဂလိပ် (သို့မဟုတ်) မြန်မာ ဘာသာဖြင့် ဖြေဆိုနိုင်ပါသည်။

နောက်ဆုံးအနေဖြင့်၊ GenderLab Team မှ ပြီးခဲ့သည့် Talk Series များတွင် လူကြီးမင်းတို့၏ တက်ကြွစွာပူးပေါင်းပါဝင်မှုအား ထပ်မံကျေးဇူးတင် အသိအမှတ်ပြုအပ်ပါသည်။ လူကြီးမင်းတို့၏ အရေးပါသော အကြံပြုချက်များကိုလည်း မကြာမီရရှိနိုင်မည်ဟုလည်း ယုံကြည်ပါသည်။  

GenderLab Team မှ လူကြီးမင်းတို့အချိန်ပေး ဖြေကြားပေးမှုအတွက် ထပ်မံ ကျေးဇူးအများကြီးတင်ရှိပါသည်။

လေးစားစွာဖြင့်

GenderLab Team

Link For Feedback and Suggestions Form

https://forms.gle/GLXkm4b4vd7rLu7N6