ဦီးဆောင်တင်ပြမည့်သူ – မေဦးမူတြော်၊ အကြံပေး၊ ကရင်အမျိုးသားအစည်းအရုံး
ကိုယ်ရေးအကျဉ်း– မူတြော်သည် မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သည့် ကရင်အမျိုးသမီးတစ်ဦးဖြစ်ပြီး ဆန်ဖရန်စစ္စကိုပြည်နယ်တက္ကသိုလ်မှ Speech Communications ဘာသာရပ်ဖြင့်ဘွဲ့ရရှိခဲ့ပါသည်။ သူမသည် အင်ဒီယာနာတက္ကသိုလ် (Bloomington) မှလည်း နိုင်ငံတကာဥပဒေဖြင့် ဘွဲရရှိခဲ့ပါသည်။ ထို့အပြင် သူမသည် ယူကေ၊ ကိန်းဗရစ်ချ်တက္ကသိုလ်၏ Lauterpatch နိုင်ငံတကာဥပဒေသုတေသနစင်တာတွင် Snyderနိုင်ငံတကာဥပဒေသုတေသနပညာရှင်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
သူမသည် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်ပါဝင်ရန် မြန်မာနိုင်ငံသို့မပြန်လာခင် “Designing Constitution for Post Conflict States: Burma” စာတမ်းကို အင်ဒီယာနာတက္ကသိုလ် ဥပဒေကျောင်း၌ အခြေခံဖွဲ့စည်းပုံဥပဒေဆိုင်ရာများနှင့် ဖက်ဒရယ်မူဝါဒဆိုင်ရာ ဒေါက်တာဘွဲ့အတွက် ရေးသားပြုစုခဲ့ပါသည်။ သူမ၏ဘဝတစ်လျှောက်လုံးတွင် လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးများအတွက် တိုက်တွန်းအရေးဆိုခဲ့သူတစ်ဦးဖြစ်ပါသည်။ လက်ရှိတွင် Salween Institute for Public Policy တွင် အကြီးတန်းမူဝါဒအကြံပေးအဖြစ်လည်းကောင်း၊ ကရင်အမျိုးသားအစည်းအရုံး၏ အကြံပေးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။